ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကောက်ညှင်းဆန်များထွက်ရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။ လက်ရှိ ကောက်ညှင်းဆန်စျေးဟာ တစ်အိတ် ကျပ် ၂၀၀, ၀၀၀ ကနေ ၂၁၀,၀၀၀ အတွင်းရှိပြီး ဈေးကောင်းရရှိနေသဖြင့် တောင်သူတွေက တိုးချဲ့ စိုက်ပျိုးထားကြကြောင်း သိရှိရသည်။ ယခင်နှစ် ကောက်ညှင်းဆန်ဈေးအနေဖြင့် တစ်အိတ်လျှင် ၁၄၄, ၀၀၀ ကနေ ၁၆၈,၀၀၀ ကျပ်သာရှိကြောင်း၊ ယခုနှစ် ဈေးပိုမိုကောင်းမွန်လာကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။ ကောက်ညှင်းဆန်ကို ဝယ်ယူပြီး ကောက်ညှင်းပေါင်းရောင်းချသူများလည်းရှိ၍ လက်လီဈေးအနေဖြင့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်က တစ်ပြည်လျှင် ၉,၀၀၀ ကျပ်ဖြင့် ဝယ်ယူ၍ ကောက်ညှင်းပေါင်း ပြုလုပ်ရောင်းချရန် ဝယ်ယူရကြောင်း၊ ယခင်နှစ်ဈေးမှာ တစ်ပြည်လျှင် ၆၀၀၀-၇၀၀၀ ကျပ်သာရှိပြီး ယခုနှစ် ဈေးကောင်းမွန်လာကြောင်း ကောက်ညှင်းပေါင်းရောင်းချသူထံမှ သိရှိရသည်။
source: https://www.doca.gov.mm
ဈေးအနည်းငယ်မြင့်တက်လာသော ကောက်ညှင်းဆန်ဈေးနှုန်း
Category:
Local News